Wednesday 27 February 2013

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ဖြောင့်ဖြောင့်တန်းတန်း ကြည့်နည်း



မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။


အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

--
Aung Kham (TSJ team)

--
http://blog.techspace.com.mm/2013/02/youtube.html

--

Tuesday 26 February 2013

Gtalk မှာမြန်မာဖောင့်တွေ လေးထောင့်ကွက် ပုံစံပေါ်နေရင်





 မိမိ စက်မှာ မြန်မာဖောင့်လည်း ထည့်ထားတယ်။ ဒါပေမယ့် Gtalk မှာ မြန်မာလိုတော့ ရိုက်လို့ ရတယ်။ ပေါ်ရင်တော့ တလွဲ လေးထောင့်ပုံလေးတွေ ပေါ်နေတာ ပြဿ နာ။ အဲလိုဆိုရင်တော့ ဖြေရှင်းရတာလွယ်ပါတယ်။ မသိသူများအတွက်သာ။ သိပီးသားသူများက တော့ မပြောလိုတော့ပါဘူးနော်။ အောက်က အတိုင်းသွားလိုက်ပါ။

မြန်မာနိုင်ငံရဲ့ ၁၂ လရာသီပွဲလေးတွေ အကြောင်းကို Android ဖုန်းမှာ အလွယ်တကူ ကြည့်မယ်


ဒီဆော့ ၀ဲလေးကတော့ အဝေး ရောက်နေတဲ့ မြန်မာတွေ အတွက် မြန်မာနိုင်ငံ ရဲ့ ၁၂ လရာသီ ပွဲရက်လေး အကြောင်းများကို အလွယ်တကူသိနိုင်ပါတယ်။ ပီးတော့ အဲဒီလမှာ ပွင့်တဲ့ ပန်းလေးတွေကို လည်း တစ်ခါတည်း တွဲပြီးဖော်ပြထားပါတယ်။

သီချင်းသံပါတဲ့ Gtalk potable ပါ



ဒီဆော့ဝဲလေးကPortable လေးပါ။ သုံးကြည့်တာ

မဆိုးဘူး ဒီ Gtalk ရဲ့ကောင်းတာလေးက တဖက်လူကို ခေါ်လိုက်ရင် Crazy Fox

သီချင်းသံလေးလာနေတာ တဖက်လူဆီမှာလည်း..တူ...တူ...တူ.. မမြည်တော့ပဲ

သီချင်းသံနောက်တမျိုးနဲ့ သွားဝင်တယ် အထူးဆန်းလေး ဖြစ်တာပေါ့နော် ကြယ်

ပုံလေးတွေပေါ်ပေးတယ် Portable ဆိုတော့ စတစ်ထဲသိမ်းထား လိုအပ်တဲ့အခါ

ချက်ချင်းသုံးလို့ ရတာဆိုတော့ ရုံးမှာခိုးချက်ရတဲ့အခါနဲ့  gtalk မရှိတဲ့ဆိုင်တွေနဲ့ 

gtalk မရှိတဲ့ရုံးတွေမှာ အလွယ်တကူ သုံးလို့ ရနိုင်ပါကြောင်း  ...................။

အောက်မှာဒေါင်းလိုက်နော်။ 


အားလုံး အဆင်ပြေကြပါစေ..။

Source. http://www.zwmnna.com/2012/05/gtalk-ptable.html 

မှားဖျက်လိုက်တာတွေကို ပြန်ယူမယ့် MunSoft Easy Drive Data Recovery

 





MunSoft Easy Drive Data Recovery  လေးကတော့ မှားဖျက်လိုက်တဲ့ File တွေကို အလွယ်တကူရှာပီး Restore လုပ်နိုင်တဲ့ software ကောင်းလေးပါ။သူကတော့ internal storage , internal hard drive, external hard drive, USB flash drive , camera စတာတွေထဲက မိမိ မှားဖျက်လိုက်တဲ့ data တွေကို အလွယ်တကူနဲ့ ပြန်လေရှာဖွေပေး နိုင်ပါတယ်။ပီးတော့ drive တစ်ခုလုံးကို ၀င်မွှေပြီးတော့လည်း ရှာဖွေနိုင်ပါတယ်။လိုချင်တယ်ဆို ရင်တော့ အောက်မှာ ဒေါင်းယူလိုက်နော်။ အားလုံး အဆင်ပြေပါစေဗျာ။





                                                        Download Hrer

Monday 25 February 2013

TuneUp Utilites 2013 with crack



TuneUp  Utilites  2013 လေးကတော့ မိမိ Windows မှာရှိတဲ့ Operating system တွေကို ပိုမြန်အောင် ပိုသေချာအောင် လွယ်ကူစွာ လုပ်ဆောင်ပေးပါတယ်။ပြီးတော့ မိမိ ကွန်ပျူတာရဲ့ လုပ်ဆောင်ချက်တွေကို လည်း ပိုမိုမြန်ဆန်စေပါတယ်။  မိမိ ကွန်ပျူတာ နောက်ကွယ်က မလိုအပ်ပဲ run နေတဲ့ programs တွေကို လည်း safe ဖြစ်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ပြီးတော့ internet အသုံးပြုသူများအတွက်လည်း မိမိတို့ browser တွေနဲ့ အင်တာနဲ့ မြန်နှုန်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ဒီကောင်လေးကို တော့ internet အသုံးပြုတဲ့ pc မှာရော ၊ အသုံးမပြုတဲ့ pc မှာရော တင်ထားသင့်တဲ့ ဟာလေးပါဗျာ။

Sunday 24 February 2013

Gtalk translate account လေးများ


fr2en@bot.talk.google.com (ပြင်သစ်ကနေ အင်္ဂလိပ်)
en2fr@bot.talk.google.com (အင်္ဂလိပ်ကနေ ပြင်သစ်)
hi2en@bot.talk.google.com (ဟင်ဒီကနေအင်္ဂလိပ်)
en2hi@bot.talk.google.com (အင်္ဂလိပ်ကနေဟင်ဒီ)
it2en@bot.talk.google.com (အီတလီကနေအင်္ဂလိပ်)
it2en@bot.talk.google.com (အင်္ဂလိပ်ကနေအီတလီ)

Download Office 2013 Activation Method+Keys

Microsoft office 2013 Pro Plus  မှာ activate မဖြစ်သေးသူများအတွက်တော့ အသုံးဝင်မယ်ထင်ပါတယ်။ ဒီထဲ မှာ တော့ နောက် ဆုံး ထွက် key များလည်း ပါဝင်ပါတယ်။အောက်မှာ ဒေါင်းယူလိုက်နော်။ activate လုပ်နည်းလေးကတော့ သိတဲ့ လူအတွက်ကတော့ လွယ်ပါတယ်ဗျာ။မသိသေးသူများ အတွက်သာ အောက်ကအတိုင်းလိုက်လုပ်လိုက်နော်။
အရင်ဆုံး  မိမိစက်မှာ ရှိတဲ့ Control panel >> program and features ကိုသွားလိုက်ပါ။


ပီးနောက် Microsoft office 2013 လေးကို Select ပေးပီး အပေါ်က change ကိုနှိပ်လိုက်ပါ။ အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ်။
 Enter a product key ကို အမှတ်ပေးလိုက်ပါ။ ပီးရင် continue ကိုနှိပ်လိုက်ပါ။ အောက်ကပုံအတိုင်းတွေ့ပီဆို ခုနက ဒေါင်းထားတဲ့ ထဲက Serial key လေးတွေကို ထည့်ပီး Continue ကို ပေးလိုက်ပါ။ ဒါဆိုရင်တော့ အဆင်ပြေပါတယ်ဗျာ။ Serial key လေးတွေကိုတော့ အောက်မှာဒေါင်းယူလိုက်တော့နော်။



Nero-Multimedia-Suite-11011200






ဒီကောင်လေးက တော့ အများကြီး လုပ်ဆောင်ပေးနိုင်ပါတယ်။သူက တော့အဓိက အားဖြင့်  ခွေကူးခြင်း ( burning)၊ ဓါတ်ပုံများ ဗွီဒီယို ဖိုင်များဖြင့် Editing ပြုလုပ်နိုင်ခြင်း၊ မိမိစက်ကို စွမ်းဆောင်ရည် မြင့်မားစွာဖြင့် backup ပြုလုပ်နိုင်ပါသေးတယ်ဗျာ။ အသုံးပြုရတာလည်း လွယ်ကူပါတယ်။

Nero 12 with serial key




ဒါကတော့ အခွေ လုပ်ချင်သူများ အတွက် အဆင်ပြေပါတယ်။ သိပီးသားလည်း ဖြစ်လောက်ပါတယ်နော်။  အသုံးပြုရတာ လည်း သိပ်ပြီး မခတ်ခဲ ပါဘူး။ အောက်မှာ serial key လေးပါတစ်ခါတည်း ထည့်သွင်းပေးထာပါတယ်။ လိုအပ်မယ်ထင်ရင် အောက်မှာ ဒေါင်းယူသွားလိုက်နော်။ Install လုပ်ပုံလုပ်နည်းနဲ့ serial key မထည့်တတ်သေးသူများအတွက်တော့ အောက်မှာ video file လေးတင်ပေးလိုက်တယ်နော်။

Friday 22 February 2013

သင်္ကြန်သီချင်း mp 3 လေးများ


ဒါလေးကတော့ သူလေးက တောင်းထားလို့နော် လိုက်ရှာပီးတော့ တင်ပေးလိုက်တယ်။ အောက်မှာ ဒေါင်းသွားလိုက်တော့ နော်။



 ၁ ။  နှစ်သစ်မင်္ဂလာ   ( ရင်ဂို )
 ၂ ။  ဖိုးညိုမြ  ( စည်သူလွင် )
 ၃ ။  ချမ်းတုန်ချမ်း ( ဂရေဟမ် )
 ၄ ။  နှစ်သစ်ချစ်ဦးရေ (ဖိုးကာ)
 ၅ ။  ရှာပုံတော် မင်းသားကြီး 
 ၆ ။  ပိတောက်တစ်မျက်နှာ  ( ဂရေဟမ် )
 ၇ ။  သင်္ကြန်မိုး  ( ဂရေဟမ် )
 ၈ ။  ရေတွေစို ကုန်ပြီ  ( စည်သူလွင် )
 ၉ ။  နွေဦးကဗျာ (မီမီဝင်းဖေ)
၁၀။  ပိတောက်လက်ဆောင် ( စည်သူလွင် )
၁၁။  မမကိုယ်တိုင်က
၁၂။  ရွှေမန်းတောင်ရိပ်ခို (ရင်ဂို )
၁၃။  တူးပို့တူးပို့ ( စည်သူလွင် )
၁၄။  နွေဦး ကဗျာ  ( ဂရေဟမ် )
၁၅။  ရက်မြတ်သင်္ကြန် ( ရင်ဂို )
၁၆။  ကမယ်ဆို တီးပါမယ် (စည်သူလွင် )
၁၇။  နှစ်သစ်ချစ်ဦး (ဂရေဟမ် )
၁၈။  ရွှေမြေ၀ါ  
၁၉။  ရွှေဦးရွှေမာလာ
၂၀။  ရေပတ်ခံမယ်  ( စည်သူလွင် )
၂၁။  မန်းမြို့သူဇာမေ  ( ရင်ဂို )
၂၂။  ညိုမြ
၂၃။  မမကိုယ်တိုင်က 
၂၄။  မူယာ ကျော့
၂၅။  ပန်းမျိုးတစ်ရာ
၂၆။  သင်္ကြန်ဝိဥာဉ်
၂၇။  ဘယ်သူပြောလဲ
၂၈။  တူးပို့တူးပို့
၂၉။ အိပ်မက်စေတမန် 
၃၀။ နေ့နဲ့ ညအလှ
၃၁။ ရေတွေစိုကုန်ပြီ
၃၂။ ရွှင်လန်းတူပျော်
၃၃။ သင်္ကြန်မင်းသမီး
၃၄။ ရေပတ်ခံမယ်
၃၅။ ရွှေမန်းမာလာ
၃၆ မင်္ဂလာသင်္ကြန်
၃၇။ မန်းတောင်ရိပ်ခို
၃၈။ နှစ်သစ်ကူးမင်္ဂလာ
၃၉။ နွေအလှ
၄၀။ နှစ်သစ်ချစ်ဦး
၄၂။ ပိတောက်တစ်မျက်နှာ
၄၃။ မြူမှောင်ဝေကင်း
၄၄။ သင်္ကြန်မိုး
၄၅။ ဖြူနီပြာဝါ
၄၆။ သင်္ကြန်တေးသံ
၄၇။ မူယာကျော့
၄၈။ တန်ခူးလေ
၄၉။ ဖိုးညိုမြ
၅၀။ ကိုယ်စားပြောပေးပါ
၅၁။ ပိတောက်တစ်ခတ်
၅၂။ သင်္ကြန်အိပ်မက်
၅၃။ သတိတော့ ထားဟေ့
၅၄။ ဟိုလိုလို ဒီလို
၅၅။ လျော့ပါအုံး
၅၆။ မန်းတောင်ရိပ်ခို ( ခင်မောင်တိုး )
၅၇။ သင်္ကြန်မိုး (ဇော်ပိုင်)


Thursday 21 February 2013

Windows 8 မှာ partition တစ်ခု ဖန်တီးမယ်

 အခုတင်ပေးတာက သိပြီးသားတွေ ဖြစ်မှာပါ ဒါပေမယ့် မသိသေးသူများလဲ အဆင်ပြေအောင် သိပြီးသူများလဲ အဆင်ပြေအောင်ပေါ့ဗျာ နော် ၀င်းဒိုး 8 မှာ Partition ပိုင်းနည်းလေးပါ 
ပထမ 
 1.Winkey+R ကိုနှိပ်ပါ ပေးလာတဲ့ နေရာမှာ diskmgmt.msc ကိုရိုက်ထည့်ပေးပါ နောက် Enter ပေါ့နော် အောက်ကပု့လေး အတိုင်းပေါ့ (လုံးဝမသိသေးသူများအား စာနာမှုဖြင့် တစ်ပုံစီ လုပ်ပြီး တင်ပေးထားတာ နားလည်ပြီးသူများ ထပ်မံ နားလည်ပေးပါ)
ပေါ်လာတဲ့နေရာမှာ hard drive partitions တွေကို format, create နဲ့ delete တွေ ပြုလုပ်လို့ရပါတယ် အခုပြောပါတော့ ဖန်တီးတဲ့ အပိုင်းပေါ့နော်  Run diskmgmt
partition တစ်ခု ဖန်တီးဖို့ unallocated space ဆိုတာ လိုအပ်ပါတယ်  Unallocated space ဆိုတာ အခြေခံကျတဲ့ disk space ကိုပြောတာပါ နဲနဲ ဖြည့်တွေးလိုက်နော်

2.main drive ပေါ်မှာ ညာကလစ်နှိပ်ပါ နောက် “Shrink Volume.” ဆိုတာကို ရွေးပေးပါ
Shrink Volume
သင် ပိုင်းချင်သလောက်ကို တွက်ချက်ပြီး ထည့်ပေါ့နော် ထည့်ပြီးပြီးဆိုရင်တော့ “Shrink.” ကိုနှိပ်ပါ

Shrink Size



unallocated space အတွက် format သို့မဟုတ် “foundation”  တစ်ခုလိုအပ်ပါတယ်.ဒီအတွက် အပေါ်ကလုပ်ခဲ့တဲ့ အသစ်ရလာတဲ့ နေရာမှာ ညာကလစ်နှိပ်ပါ “New Simple Volume.” ကို ရွေးထားလိုက်ပါ
image

New Simple Volume Wizard ပေါ်လာပါမယ် ဒီဘောက်က သင့်ကို  installation process လုပ်ဖို့ လမ်းညွှန်သွားပေးပါလိမ့်မယ်
New Simple Volume

 drive letter တစ်ခု ရွေးပေးပါ 
drive letter

disk အတွက် file system တစ်ခု ရွေးပါမယ် “NTFS” file system ကိုရွေးပေးလိုက်ပါ
image

 “Volume Label” text box ထဲမှာ partition နာမည်အတွက် ကြိုက်တာ ရိုက်ထည့်. 
image
 “Finish”  ကိုနှိပ်ပါ 
New Partition
 အခုဆိုရင် သင်ဖန်တီးတာလေး အောင်မြင်စွာ ပြီးဆုံးသွားပြီဆိုတာ မြင်ရမှာပါ


မူရင်းလင့် >>>  http://www.akarphyoe.com/

နည်းပညာ စာအုပ်မျိုးစုံကို တစ်နေရာတည်းမှာ ဒေါင်းမယ်

နည်း ပညာနဲ့ ပတ်သတ်တဲ့ စာအုပ်တွေကို တစ်နေရာတည်းမှာပဲ စုစည်းထားတယ်ဗျ။ လိုတာရှိရင် ဒေါင်းသွားပေါ့ဗျာ။ ဒေါင်းရတာလည်း လွယ်ကူပါတယ်။ အောက်ကလင့်လေးကိုသွားလိုက်နော်။ အားလုံးအဆင်ပြေပါစေဗျာ....
                                                 http://keekee.minus.com/

Skype အသုံးပြုနည်း စာအုပ်

 စကိုက်ကို ယခုမှစပြီး အသုံးပြုများအတွက်တော့ အဆင်ပြေမှာပါ.။လိုအပ်မယ်ထင်ရင်တော့ ယူသွားလိုက်နော်။ဘာပဲ ဖြစ်ဖြစ် ဗဟုသု တ ရတာပေါ့နော်.....

                                                   Download Here

Mobile ကွန်ယက်နည်းပညာ စာအုပ်

ဒီစာအုပ်လေးကတော့ သိမယ်ထင်ပါတယ်နော်။ Mobile ဖုန်းနည်းပညာလေးတွေနဲ့ ပတ်သတ်ပီးတော့ ဖတ်သင့်ပါတယ်ဗျာ...ဒေါင်းချင်ရင်ငအောက်ကနေယူသွားလိုက်နော်...

                                                    Download Here

အင်္ဂလိပ်စာ လေ့လာချင်သူများအတွက် စာအုပ်ကလေးတွေပါ



ဒါလေးတွေကတော့ မြန်မာမိသားစု ဖိုရမ်မှာတွေ့လို့ပါ။ အင်္ဂလိပ်စာ လေ့လာချင်သူတွေအတွက်ကတော့ အထောက်အကူဖြစ်မှာပါ။ အောက်မှာယူလိုက်နော်။


                                                 ENGLISH THROUGH PICTURES_by I.A. Richards, Ch. Gibson
                                                            http://www.mediafire.com/?5kyayg32wzu


                                                               English Pronunciation_Made Simple
                                                            http://www.mediafire.com/?9xydy5hz4ym


                                                           Frankly Speaking - American Conversational English
                                                              http://www.mediafire.com/?7lgrmnmdojw

Your Uninstaller PRO 7.4.2012.05 Full Serial






Your Uninstaller PRO 7.4.2012.05 Full Serial
အရမ်းကောင်းတဲ့ Software လေးဖြစ်ပါတယ်။ ပီးတော့ ဖျက်ပြီးသွားရင် ဖိုင်တွေကို လည်း ပြန်ရှင်းပေးပါတယ်။ ဖိုင်တွေကို registry ပြန်လုပ်ပေးပါတယ်။

မိမိ မကြိုက်မနှစ်သက်တဲ့ ဖိုင်လေးတွေကို Select ပေးပြီး Uninstall ပြုလုပ်နိုင်ပါတယ်။ ကဲလိုချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းသွားလိုက်နော်






                                                

Revo Uninstaller Pro 2.5.9 (latest 2.x version)



ဒါလေးကတော့ Software လေးတွေကို အမြဲ စမ်းသပ် တင်ပြီး အသုံးပြုနေသူတွေနဲ့ တော့ အတော်လေးအဆင်ပြေမှာပါ။ ကိုတင်လိုက်တဲ့ Software တွေကို မကြိုက်လို့ ပြန်ဖျက်ချင်တယ်ဆိုရင် Control panel ထဲက Program and   Features ထဲ ၀င်ဖျက်နေရင်လည်း ဖိုင်အသေးလေးတွေက ကျန်ခဲ့ နိုင်တယ်။ ဖျက်ချင်ရင်တော့ ဒီကောင်လေးကို အသုံးပြုပြီး ပြန်ဖျက်နိုင်ပါတယ်။ အကောင်းဆုံး Uninstall ပြန်လုပ်ပေးနိုင်တဲ့ ဟာလေးပါ။ အောက်မှာ ဒေါင်းသွားလိုက်နော်။...

                                               
                                                      Download Here

အားလုံးအဆင်ပြေကြပါစေနော်....


နားနှင့် ပတ်သတ်ပြီး မပြုလုပ်သင့်သော အရာများ



နား နှင့်ပတ်သတ်ပြီး မပြုလုပ်သင့်သောအရာအများ
http://www.myawady.net.mm/health/preventing/item/6579-2013-02-09-13-00-34#.URXsSFLgyuo

နားတွေမှာ သူ့ဘာသာ သန့်စင် စေခြင်းနဲ့ သူ့ဘာသာ ကာကွယ်နိုင်ခြင်း ဆိုတဲ့ သဘာဝ သတ္တိ ရှိပြီးသားပါ။

ဒါ့ကြောင့် နားတွေကို မမှန်ကန်တဲ့ နည်းတွေနဲ့ သန့်စင်ဆေးကြော မှုပြုလုပ်သော အခါ နား မှာ ထိခိုက်ဒဏ်ရာ ရခြင်း နဲ့နားတွင်း ကူးစက်ပိုးဝင်ခြင်းဆိုတဲ့ ပြဿနာတွေဖြစ်စေနိုင်ပါတယ်။


နားဖာချေးကို  မကလော်ပါနဲ့။

နားဖာချေးတွေ ဟာ နားရဲ့ သူ့ဘာသာသန့်စင်စေတဲ့ လုပ်ငန်းစဉ်ကိုကောင်းကောင်း အလုပ်လုပ်နိုင်အောင် ဆောင်ရွက်ပေးပါတယ်။ နာဖာချေးတွေဟာ ဆိုးဆိုးဝါးဝါး ပိတ်ဆို့မနေရင် ကလော်ပီး မဖယ်ရှားသင့်ပါဘူး။ အပြင်နားစည် အရေပြားရှိ ဂလင်းကနေ ထုတ်ပေးလေ့ ရှိတဲ့ နာဖာချေးတွေဟာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နေပါတယ်။

နားစည်ရဲ့ အရေပြားကို ကာကွယ်ဖုံးအုပ်ပေးခြင်း၊ ရေကိုတွန်းထုတ်ခြင်း နဲ့ နားတွင်းပိုးဝင်တာနဲ့ ထိခိုက်ဒဏ်ရာ မဖြစ်အောင် ကာကွယ်ပေးခြင်း စတဲ့ လုပ်ငန်းတွေအပြင် နားအတွင်း အရေပြား ခြောက်သွေ့ ယားယံခြင်း မဖြစ်အောင် ထိန်းသိမ်း ပေးပါတယ်။ ဒါ့အပြင် နားဖာချေးဟာ အပြင်ကနေ ၀င်လာတဲ့ ဖုန်နဲ့ ပိုးမွှားတွေကို နားစည် ထဲ မရောက်အောင် သယ်ယူ ထားပေးပါတယ်။ အများအားဖြင့်............................


မြ၀တီ ကျန်းမာရေးမှ...

Windows 8 မှာ glass theme လေးကိုသုံးမယ်



ဒါကတော့ Windows 8 အသုံးပြုနေသူတွေ အနေနဲ့ Windows 8 မှာတစ်ခါတည်း ပါတဲ့ glass theme လေးပြောင်းလဲ အသုံးပြုပုံလေးကို ပြောပြေပေးပါ့မယ်နော်။ လွယ်ပါတယ် လုပ်ရတာ အဆင်ပြေမှာပါ။ အရင်ဆုံး

  • Desktop >> Right click >> Personalize
  • High Contrast Black ကိုနှိပ်ပါ ။ ပီးရင် ခေတ္တ စောင့်ပါ။



ပီးရင်တော့ ပုံမှာပြထားတဲ့ အတိုင်း color ကိုနှိပ်လိုက်ပါ

အထက်က လိုပုံလေးပေါ်လာပါလိမ့်မယ်။ ပီးရင်တော့ ဘေးအလွတ်နေရာ desktop >> Right click ပါ။
personalize ကိုထပ်သွားလိုက်ပါ။



ပီးရင်တော့ အထက်က ပုံအတိုင်း windows theme လေးကို ရွေးပေးလိုက်ပါ။

ပီးရင်တော့ နောက်ဆုံးပေါ့ Apply >> Save Change ကို ပေးလိုက်ပါ။ လှပတဲ့ glass စတိုင်လေးတွေပြောင်းသွားပါလိမ့်မယ် ။ အဆင်ပြေကြပါစေဗျာ...




Facebook Game request တွေပိတ်ထားမယ်


ကဲဒီတစ်ခါလည်းမသိသေးသူများအတွက်ပြောပြပါ့မယ်။ ကျွန်တော် သူငယ်ချင်းတွေကလည်း ဂိမ်း request တွေအားကြီးပို့တယ်။ တစ်နေ့တစ်နေ့ အဲဒါတွေနဲ့ပဲ Notification တွေပုံနေတယ် ။ ဘယ်လိုလုပ်ရမှန်းမသိခင်တုန်းကတော့  Message တွေလှမ်းပို့ပြီး ပြောတာ  မပို့ဖို့အတွက်ကိုပေါ့။ မရပါဘူး ။ နေ့တိုင်းချည်းပဲ ပို့နေတယ်။ သူငယ်ချင်းတွေဆိုတော့ ဘလော့လုပ်ရမှာလည်းခက်။ ဒါနဲ့ Google ကို ဝင်မွေလိုက်တာ နည်းတစ်ခုတွေ့လာတာပေါ့ဗျာ။  နောက်ဘယ်တော့မှ  Game request တွေ ရောက်မလာတော့ဘူး။

ဘာမှမခက်ဘူး။ သူပို့လိုက်တဲ့ Notification လေးကိုကလစ်ပေးလိုက်ပါ။ အဲမှာ ဘေးနားမှာ x အမှားခြစ်လေးကို ကလစ်ပေး ။ ပြီးရင် Turn Off လို့သာပေးလိုက်တော့ နောက်ဘယ်တော့မှာ Game request တွေလာမှာမဟုတ်တော့ဘူး။ 

အဆင့်(၁)

အဆင့်(၂)



အဆင့်(၃)


သဘောကျတယ်ဟုတ်။ မသိသေးသောသူငယ်ချင်းတွေကိုလည်း ပြောပြလိုက်အုံးနော်....။

ဒါက အများဆုံးအဖြစ်များတဲ့ Game request ကိုပြောလိုက်တာပါ။ နောက်ထပ်လည်း မလာချင်သော Notification တွေကိုလည်းအဲဒီနည်းအတိုင်းလုပ်လိုက်ရင် နောက်တစ်ခါမပေါ်လာတော့ပါဘူး ခင်ဗျာ။ 

အော်ကြုံတုန်း တစ်ခုပြောလိုက်အုံးမယ်။ အခု Facebook မှာ Notification လေးတွေတက်လာရင် sound သံလေးပါတယ်။  ပြီးတော့ comment မှာကိုပဲ like buttom နဲ့ကပ်လျက်မှာ  reply တွေပါနေပြီ။ user အာလုံးတော့မရသေးဘူး။ သူက စမ်းသပ်ကာလပဲရှိသေးတာမို့လို့ပါတဲ့ ။ အနော်ပြောတာမဟုတ်ဘူးနော်။ Facebook သတင်းတွေကပြောတာ။ ကျွန်တော်ဆီမှာတော့ sound သံလေး မြည်ပြီ။ ဒါပေ့မယ့် reply buttom တော့မရသေးဘူး။  

နမူနာပုံလေးပြမယ်  reply buttom အတွက်


မိမိ Facebook မှာ Notification sound သံရမရသိချင်ရင်  Facebook Accound setting ကိုသွားပါ။ ပြီးရင် Notifications ဆိုတာကို ရွေးပါ ။ On Facebook ဆိုတာလေးမှာ ဒီလိုလေးပေါ်လားကြည့်ပါ။ ပေါ်နေတယ်ဆိုရင် sound ရပါပြီ။ မပေါ်သေးပါက မရသေးပါ။ 

view ကိုကြည့်လိုက်ဆိုရင် sound သံကို off လုပ်လို့ရပါတယ်။ 



ကဲမရတဲ့ Facebook user များက ဒီလိုလေးပါ။




အားလုံးကိုလေးစားလျက်.....
လာရောက်လည်ပတ်သူများ အားလုံး စိတ်နှလုံး အေးချမ်း ပျော်ရွှင်ပါစေ....လာရောက်လည်ပတ်သူများ အားလုံး စိတ်နှလုံး အေးချမ်း ပျော်ရွှင်ပါစေ....

LinkWithin

Related Posts Plugin for WordPress, Blogger...