Wednesday 20 February 2013

Facebook error လေးများ



ယနေ့ ခေတ်၊ ယနေ့ အချိန်မှာတော့ အင်တာနက် အသုံးပြုသူတိုင်းမှာ အရမ်းရေပန်းစားနေတဲ့ facebook အကြောင်းလေးကိုဘလော့ ခရီးသည်မှ ပြန်လည် ဝေမျှလိုက်ပါတယ်နော်။ facebook ကို personal အသုံးပြုသူများရှိသလို page လုပ်ပြီး အသုံးပြုသူများလည်း ရှိပါတယ်။အဲဒီ page တွေမှာ ဖြစ်တတ်တဲ့ error လေးတွေကို ပြောပြထားတာကို တွေ့လိုက်ရလို့ ပါ။ဘာပဲ ပြောပြော သိထားရင်တော့ ကောင်းတာပေါ့နော်။page ထောင်ချင်သူတွေအားလုံးက တော့ မဖြစ်မနေသိထားသင့်တယ်လို့ ထင်တယ်ဗျာ။
  
၁။ Report ခံရခြင်း
     
 ဒါကတော့ သိလို့ ဖြစ်စေ မသိလို့နိပ်မိတာပဲ ဖြစ်စေ အဲဒီလို မန်ဘာတွေ ဖန်တွေက Report ကို ခဏခဏ နိပ်မယ်ဆိုရင် ဖဘရဲ့ ဆာဗာက သိပါတယ် ။ Report တွေ များလာပြီဆိုရင် ဖဘရဲ့ ဆာဗာကနေ ဘန်းလိုက်ပါတယ် ။

၂။  Advertise your page
     ဒီခလုတ် ကိုတွေ့ဖူးပေမယ့် အရင်ကတော့ မသိဘူး။သူကတော့ facebook ကနေပေးထားတဲ့ service တစ်ခုပါ။ဒါပေမယ့် စိတ်မကောင်းစရာကတော့ မြန်မာနိုင်ငံမှာ သုံးစွဲဖို့ ခွင့်မရသေးပါဘူး။ဒါကြောင့် မသိလို့ပဲဖြစ်ဖြစ် အဲဒီ advertise your page ကို ခဏခဏ နှိပ်ရင် page ပျက်သွားတတ်ပါတယ်။

၃။  Like software
     Like များများလိုချင်လို့ အဲလို Software တွေကို အသုံးပြုပြီး အကြံအဖန် လုပ်မယ်ဆိုရင်လည်း  facebook ကသိသွားရင် page ပျက်သွားနိုင်ပါတယ်။

၎။ Virus
     ဒီတစ်ခုကတော့ virus ကိုက်တာပေါ့။ သူကတော့ ကိုနှိပ်မိတာနဲ့ ကိုယ်မလုပ်ပဲ အော်တို သူများဝေါပေါ် တွေပါလင့်တွေ ရောက်သလိုမျိုး Link ပုံစံ virus ရှိသလို သေချာမသိတဲ့ Application တွေကို သုံးမိရင်လည်း ဖြစ်တတ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက ခွင့်မပြု တဲ့ Applications တွေအများကြီးရှိပါတယ်။ အဲဒါတွေကို ထပ်ခါထပ်ခါ နှိပ်မိတယ်ဆိုရင်လည်း page ကို ထိခိုက်နိုင်ပါတယ်။

၅။ Admin
    ဒီတစ်ခုကတော့ admin တွေကိုယ်တိုင်ပေါ့။ page တော်တော်များများက တစ်ယောက်ထဲ ကိုင်တာရှားပါတယ်။သူငယ်ချင်း သုံးလေးယောက်စုလုပ်ကြတာများပါတယ်။ Admin တွေထဲက တစ်ယောက်ယောက်က ဖောက်ပြီး Unpublish Page ကိုနှိပ်လိုက်တယ်ဆိုရင်လည်း page ပျက်သွားမှာဖြစ်ပါတယ်။နောက်ထပ်သိရတာလေးက Unpublish ဖြစ်သွားမယ်ဆိုရင် Facebook ဆီကို Appeal အသနားခံစာပေါ့ဗျာ တင်ပြီးရင် ၂ရက် ၄၈ နာရီ မကိုင်ပဲထားမယ်ဆိုရင် အဆင်ပြန်ပြေနိုင်တယ်လို့ လည်း သိရပါတယ်။ ဒါပေမယ့် အာမခံ ဘူးနော်။ မသေချာဘူးလို့ လည်း သိရတယ်။ကြိုတင်ကာကွယ်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်နော်။
  

No comments:

Post a Comment

လာရောက်လည်ပတ်သူများ အားလုံး စိတ်နှလုံး အေးချမ်း ပျော်ရွှင်ပါစေ....လာရောက်လည်ပတ်သူများ အားလုံး စိတ်နှလုံး အေးချမ်း ပျော်ရွှင်ပါစေ....

LinkWithin

Related Posts Plugin for WordPress, Blogger...