Thursday 21 February 2013

ကွန်ပျူတာ ဖွင့်လိုက်တာနဲ့ သီချင်းသံကြားချင်ရင်





 ဒါလေးကတော့ သီချင်းနားဆင်ရတာ ကြိုက်တဲ့ သူများ။ မိမိကြိုက်နှစ်သက်တဲ့ သီချင်းများကို သွားဖွင့်နေစရာမလိုတော့ဘူးပေါ့ဗျာ။


လုပ်ရတာလေးကတော့ သိပ်မခတ်ခဲ ပါဘူး။ ဒါပေမယ့် Jetaudio လေးကိုတော့ မိမိစက်မှာ run ထားဖို့တော့ လိုတယ်နော် မရှိသေးရင်တော့ အောက်မှာဒေါင်းလိုက်နော်။ ကဲ လုပ်ပုံ လုပ်နည်းလေးကိုပြောပြပါမယ်။ အရင်ဆုံး မိမိ jetaudio ကိုဖွင့်လိုက်ပါ။
  • Ctrl+ T (သို့မဟုတ်) Playlist ကို click လုပ်ပါ။
  • Jetaudio Playlist box လေးကျလာပါလိမ့်မယ်။
  • Playlist ထဲမှာတော့ မိမိ နားထောင်ချင်တဲ့ သီချင်းလေးတွေကိုတော့ ထည့်ထားရမယ်နော်။ဖြစ်နိုင်ရင် မိမိ အမြဲနားထောင်ဖြစ်တဲ့ သီချင်းလေးတွေ ပေါ့နော်။
  • Playlist ကို right click နှိပ်လိုက်ပါ။ပြီးရင် export ကို click နှိပ်ပါ ။ဖိုင်ရှာရတာ လွယ်အောင်လို့ နော်။
  • Save in ကို တော့ မိမိ မှတ်မိလွယ်မယ့် နေရာကိုထားလိုက်ပါ။ ဖြစ်နိုင်ရင်တော့ Desktop ပေါ်မှာ save လိုက်ပေါ့။
  • File name ကို တော့ မိမိနှစ်သက်ရာပေးပြီး Save နှိပ်လိုက်ပါ။ 
  • မိမိ Save လိုက်တဲ့ ဖိုင်လေးဆီကို သွားပီး copy ယူလိုက်ပါ။
  • Start >> all program မှ startup ကို right click နှိပ်ပြီး open ကိုနှိပ်လိုက်ပါ။
  • Startup file ထဲသို့ ခုနက ကူးထားတဲ့ ဖိုင်ကို Past ပေးလိုက်ပါ။

ကဲ ဒါဆိုရင်တော့ ကွန်ပျူတာ ဖွင့်လိုက်တာနဲ့ မိမိ ထည့်ထားတဲ့ သီချင်းလေးတွေက ဖွင့်စရာ မလိုပဲ ပွင့်လာပါလိမ့်မယ်နော်။

Jetaudio မရှိရင် ဒီမှာ ယူသွားနော်...

                                                           Download here

No comments:

Post a Comment

လာရောက်လည်ပတ်သူများ အားလုံး စိတ်နှလုံး အေးချမ်း ပျော်ရွှင်ပါစေ....လာရောက်လည်ပတ်သူများ အားလုံး စိတ်နှလုံး အေးချမ်း ပျော်ရွှင်ပါစေ....

LinkWithin

Related Posts Plugin for WordPress, Blogger...