Thursday 21 February 2013

ဒေါ်လာ “ $ ” သင်္ကေတ၏ မူလအစ






အမေရိကန် ဒေါ်လာကို ငွေကြေးစံ အဖြစ်၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ ၊ မက္ကဆီကို နှင့် အခြားနိုင်ငံ များတွင် သုံးစွဲလျှက်ရှိကြသည်။ အမေရိကန် ဒေါ်လာငွေနှုင့် ၎င်းငွေ၏ သင်္ကေတဖြစ်သည့် “ $ ” ၏ သမိုင်းကြောင်းမှာ စိတ်ဝင်းစားဖွယ်ကောင်း လှပါသည်။

“ဒေါ်လာ” ဟူသော ဝေါဟာရမှာ ရှေးဟောင်း ဂျာမန်ငွေဒင်္ဂါး( Thaler ) မှ ဆင်းသက်လာသည်။ Thaler မှာ   Joachimsthalar  ၏ အတိုကောက်ဖြစ်သည်။ Joachimsthalar  သည်  ဗိုဟီးမီးးယားနိုင်ငံ မှ မြို့ငယ်လေး တစ်မြို့ ဖြစ်၍ ၎င်းမြို့အနီးတွင် (၁၆) ရာစု နှစ် အစပိုင်းလောက်က အလွန်အောင်မြင်သည့် ငွေသတ္တု တွင်းတစ်ခုကို တူးဖော်တွေ့ရှိခဲ့ သည်။

၎င်းမြို့မှ မြေရှင်ပဒေသရာဇ် တို့က ၎င်းသတ္တု များဖြင့် ငွေဒင်္ဂါးများသွန်းလုပ်ကြသည်။ ယင်းဒင်္ဂါးများ၏ အရည်အသွေးမှာ ကောင်းမွန်သဖြင့်  မကြာမီအချိန်အတွင်း  ဥရောပ တစ်ဝန်း သုံးစွဲလာကြသည်။ ယင်းဒင်္ဂါး နှင့်အလားတူး ထုတ်လုပ်သည့် ဒင်္ဂါးများကို Joachimsthalar  ဟုခေါ်၍ အတိုကောက် Thaler ဟုခေါ်သည်။

အလားတူ တန်ဖိုးညီသည့် ငွေဒင်္ဂါးများကို စပိန် နိုင်ငံ တွင်သွန်းလုပ် သုံးစွဲလာကြသည်။ ယင်းတို့ မှာ အစိတ်အပိုင်း ငယ်ရှစ်ခု ပေါင်းစပ်ထား၍ ရှစ်ပိုင်း ဒင်္ဂါးဟု ခေါ်သည်။ ယင်းစပိန်ဒင်္ဂါးများကို ၎င်းတို့ ၏ ကိုလိုနီ နိုင်ငံများ ဖြစ်သည့် မြောက်အမေရိကနှင့် တောင်အမေရိက နိုင်ငံတို့ တွင် လွတ်လပ်စွာ ဝေသုံးစွဲ ကြပြီး၊ တောင်အမေရိက နိုင်ငံတွင် ၎င်းတို့ကို “ ဒေါ်လာ ” ဟုခေါ်သည်။

အမေရိကန်ြပည်ထောင်စု တည်ထောင်ဖွဲ့ စည်းပြီးနောက် စပိန်ငွေဒင်္ဂါး ယူနစ်ကို အခြေခံ ၍ “ ဒေါ်လာ ” ဟူသော ဝေါဟာ့ ဖြင့်သုံးစွဲလာကြသည်။ ယင်းဒေါ်လာတွင် ယခင်စပိန် ဒင်္ဂါး၌ ပါရှိသည့် အပိုင်း ရှစ် ပိုင်း ( အင်္ဂလိပ်သင်္ကေတ 8) ကို ဖော်ပြသုံးစွဲသည်။

၎င်း သင်္ကေတ “ 8 ” မှာ အင်္ဂလိပ်အက္ခရာ “ $ ” နှင့် ဆင်တူသည်။ ၎င်း သင်္ကေတ အပေါ်တွင်မျဉ်းကြောင်း  ၂ ကြောင်း ဖြတ်ထားသည်။

အဓိပ္ပါယ်မှာ မက်ဒစ်တာရိန်းနီးယန်း နှင့် အတ္တလန်တစ်   ဒေသကြား ၊ စပိန်နိုင်ငံ တောင်စွန်စွန်းရှိ တံခါးပေါက်မှ ရောမသူရဲကောင်း ဟာကြူလီ ၏ ယက်မ တိုင်ကြီးများကို ကိုယ်စားပြုသည်။

ယင်းကြောင့် ပင် ဒေါ်လာ သင်္ကေတ “ $ ” သည် အချို့ ပုဂ္ဂိုလ် များ ထင်သလို အက္ခရာ “ S ” နှင့် လုံးဝ ပတ်သတ်ခြင်းမရှိ၊ အလားတူ အက္ခရာ “ U ” နှင့် “S ” ပေါင်းစပ်ထားခြင်းလည်း မဟုတ်ပါကြောင်း


Knowledge share..







No comments:

Post a Comment

လာရောက်လည်ပတ်သူများ အားလုံး စိတ်နှလုံး အေးချမ်း ပျော်ရွှင်ပါစေ....လာရောက်လည်ပတ်သူများ အားလုံး စိတ်နှလုံး အေးချမ်း ပျော်ရွှင်ပါစေ....

LinkWithin

Related Posts Plugin for WordPress, Blogger...