Thursday 21 February 2013

Windows 8 မှာ partition တစ်ခု ဖန်တီးမယ်

 အခုတင်ပေးတာက သိပြီးသားတွေ ဖြစ်မှာပါ ဒါပေမယ့် မသိသေးသူများလဲ အဆင်ပြေအောင် သိပြီးသူများလဲ အဆင်ပြေအောင်ပေါ့ဗျာ နော် ၀င်းဒိုး 8 မှာ Partition ပိုင်းနည်းလေးပါ 
ပထမ 
 1.Winkey+R ကိုနှိပ်ပါ ပေးလာတဲ့ နေရာမှာ diskmgmt.msc ကိုရိုက်ထည့်ပေးပါ နောက် Enter ပေါ့နော် အောက်ကပု့လေး အတိုင်းပေါ့ (လုံးဝမသိသေးသူများအား စာနာမှုဖြင့် တစ်ပုံစီ လုပ်ပြီး တင်ပေးထားတာ နားလည်ပြီးသူများ ထပ်မံ နားလည်ပေးပါ)
ပေါ်လာတဲ့နေရာမှာ hard drive partitions တွေကို format, create နဲ့ delete တွေ ပြုလုပ်လို့ရပါတယ် အခုပြောပါတော့ ဖန်တီးတဲ့ အပိုင်းပေါ့နော်  Run diskmgmt
partition တစ်ခု ဖန်တီးဖို့ unallocated space ဆိုတာ လိုအပ်ပါတယ်  Unallocated space ဆိုတာ အခြေခံကျတဲ့ disk space ကိုပြောတာပါ နဲနဲ ဖြည့်တွေးလိုက်နော်

2.main drive ပေါ်မှာ ညာကလစ်နှိပ်ပါ နောက် “Shrink Volume.” ဆိုတာကို ရွေးပေးပါ
Shrink Volume
သင် ပိုင်းချင်သလောက်ကို တွက်ချက်ပြီး ထည့်ပေါ့နော် ထည့်ပြီးပြီးဆိုရင်တော့ “Shrink.” ကိုနှိပ်ပါ

Shrink Size



unallocated space အတွက် format သို့မဟုတ် “foundation”  တစ်ခုလိုအပ်ပါတယ်.ဒီအတွက် အပေါ်ကလုပ်ခဲ့တဲ့ အသစ်ရလာတဲ့ နေရာမှာ ညာကလစ်နှိပ်ပါ “New Simple Volume.” ကို ရွေးထားလိုက်ပါ
image

New Simple Volume Wizard ပေါ်လာပါမယ် ဒီဘောက်က သင့်ကို  installation process လုပ်ဖို့ လမ်းညွှန်သွားပေးပါလိမ့်မယ်
New Simple Volume

 drive letter တစ်ခု ရွေးပေးပါ 
drive letter

disk အတွက် file system တစ်ခု ရွေးပါမယ် “NTFS” file system ကိုရွေးပေးလိုက်ပါ
image

 “Volume Label” text box ထဲမှာ partition နာမည်အတွက် ကြိုက်တာ ရိုက်ထည့်. 
image
 “Finish”  ကိုနှိပ်ပါ 
New Partition
 အခုဆိုရင် သင်ဖန်တီးတာလေး အောင်မြင်စွာ ပြီးဆုံးသွားပြီဆိုတာ မြင်ရမှာပါ


မူရင်းလင့် >>>  http://www.akarphyoe.com/

No comments:

Post a Comment

လာရောက်လည်ပတ်သူများ အားလုံး စိတ်နှလုံး အေးချမ်း ပျော်ရွှင်ပါစေ....လာရောက်လည်ပတ်သူများ အားလုံး စိတ်နှလုံး အေးချမ်း ပျော်ရွှင်ပါစေ....

LinkWithin

Related Posts Plugin for WordPress, Blogger...