Wednesday 17 April 2013

အရေးကြီး တဲ့ Drive ကို ဖျောက်ထားရအောင်






ဒါကတော့ အကြောင်းအမျိုးမျိုး ကြောင့် မိမိ ကွန်ပျူတာ ထဲမှ Data များကို အခြား သောသူများ မမြင်နိုင်အောင် Drive တစ်ခုလုံးကို ဖျောက်ထားချင်သူများ အတွက် ဒီလေးကို ရေးသားတင်ပြပေးလိုက်ပါတယ်။
သိထားပီး သားသူများ အတွက်တော့ မလိုလောက်ပါဘူး။ မသိသေးသော သူများ အတွက်ကို သာ ရည်ညွှန်းဖော်ပြပေးလိုက် ရပါတယ်။

ကဲ အရင်ဆုံး မိမိ က တခြား သူမသိ စေချင်သော အချက်အလက် အားလုံးကို Drive တစ်ခုတည်း ပေါင်း ပီး ထည့်ထားလိုက်ပါ။ ထို Drive ကို ဖျောက်ထားကြ ရအောင်....

အရင်ဆုံး မိမိ ကွန်ပျူတာမှ Manage ကို အရင်ဆုံး သွားလိုက်ပါ

ပြီးရင်တော့ Disk Management ကိုသွားလိုက်ပါ။

ပြီးရင် မိမိ ဖျေက်ထားလိုသော Drive ကို ရွေးလိုက်ပါ။ ပြီးရင် Right Click ပေးလိုက်ပါ။ ပြီးရင် Change Drive letter and Paths..ဆိုတာလေးကို ရွေးပေးလိုက်ပါ။

Change Drive letter and Paths ဆိုတဲ့ Box လေး ပေါ်လာပါလိမ့်မယ်။ ထို Box မှ Remove ကိုနှိပ်ပီး Ok ပေးလိုက်ပါ။

Disk Management ဆိုတဲ့ box လေး ကျလာရင်လည်း Ok ပေးလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။



ကဲ.....ဒါဆိုရင်တော့  မိမိ တို့ ဖျောက်ချင်တဲ့ Drive လေး စက်ထဲမှာ ပေါ်မနေတော့ ပါဘူး။ ပျောက်သွားပါပီဗျာ။...

Drive ကို ပြန်ပေါ်စေချင်တယ်ဆိုရင်တော့

အပေါ်က အတိုင်းပဲ အဆင့်ဆင့် ပြန်သွားလိုက်ပါ။ Change Drive Letter and Paths ဆိုတဲ့ Box လေး ပေါ်တဲ့ အဆင့် ရောက်ရင်တော့ Add ဆိုတာလေးကို နှိပ်ပီး Ok ပေးလိုက်ပါ။
 Drive ပြန်ပေါ်နေပါလိမ့်မယ်။

ကဲအားလုံး အဆင်ပြေကြပါစေဗျာ....


သားငယ်

No comments:

Post a Comment

လာရောက်လည်ပတ်သူများ အားလုံး စိတ်နှလုံး အေးချမ်း ပျော်ရွှင်ပါစေ....လာရောက်လည်ပတ်သူများ အားလုံး စိတ်နှလုံး အေးချမ်း ပျော်ရွှင်ပါစေ....

LinkWithin

Related Posts Plugin for WordPress, Blogger...