Shutdown shutdown.exe /s /t 00
Restart shutdown.exe /r /t 00
Log off shutdown.exe /l
sleep or hibernate rundll32.exe powrprof.dll,SetSuspendState
Lock rundll32.exe user32.dll,LockWorkStation
Switch User tsdiscon.exe
အရင်ဆုံး မိမိ Desktop >> Right click >> New >> Shorcut ကို အရင်ဆုံး သွားလိုက်ပါ။
အရင်ဆုံး Shutdown shortcut လေးလုပ်ကြည့်ကြမယ် လေ။
အပေါ်က ပုံလေး အတိုင်းပဲနော် Shortcut ကို ရောက်ရင် မိမိ လုပ်ချင်တဲ့ shortcut နဲ့ ဆိုင်တဲ့ Commands လေးကို ထည့်ပေးလိုက်ပါ။ သတိထားရမှာက Space ခြားတာတွေလည်း မှားလို့ မရဘူးနော်။ ပီးသွားရင်တော့ Finish ပေါ့ဗျာ။
ကဲ နောက်တစ်ခုကတော့ အဲဒီ Shortcut လေးတွေကို ပုံလေး တွေနဲ့လုပ်ကြရအောင်နော်...
မိမိ ပြုလုပ်လိုသော Shortcut မှ Right click >> properties >> Change Icon ကို သွားပီး မိမိ ကြိုက်နှစ်သက်သလို အဆင်ပြေသလို Icon လေးတွေ ရွေး ပီး OK ပေးလိုက်ပါ ။ ဒါဆို Shortcut လေးတွေကို Icon လှလှ လေးတွေနဲ့ ဖြစ်သွားပါပီ။
အဲဒီ အတိုင်းပဲ
Shutdown
Restart
Log off
sleep or hibernate
Lock
Switch User
လေးတွေကို ဖန်တီးလိုက်ပါ။ လွယ်ပါတယ်။ နောက်ဆုံး တစ်ခုကတော့ အဲဒီ Shortcut လေးတွေကို Toolbar ပေါ်ကို ပို့ကြရအောင်နော်။ (မပို့ချင်လို့ Desktop ပေါ်မှာပဲတင်သုံးချင်တယ်ဆိုလည်း ရပါတယ်။)
Toolbar ကို R click ပီး New toolbar ကိုသွားလိုက်ပါ။ ပီးရင်တော့ မိမိ ထားလိုသည့် Short cut icon လေးတွေကို ရွေး ပေးလိုက်ပါ။ သပ်ရပ် လှပ သော Shutdown, Restart, Log off, Lock, Switch လေးတွေကို တွေ့မြင်ကြပါလိမ့်မယ်။ ( Shortcut လေးတွေကို folder ထဲထည့် rename ပေးထားပါ။ ထိုမှသာ toolbar new toolbar ကရှာလို့တွေ့မှာဖြစ်ပါတယ်။)
အားလုံး အဆင်ပြေကြပါစေဗျာ.....
No comments:
Post a Comment